ဆီးပန်းနီ ဆရာတော် အရှင် နရိန္ဒဓဇ (မြန်မာသက္ကရာဇ် ၁၁၇၃ – ၁၂၅၀)၏ထေရုပ္ပတ္တိ
မြန်မာသက္ကရာဇ် ၁၁၇၃ ပြာသို လပြည့်ကျော် ၁ ရက် စနေနေ့တွင် အမရပူရ၌ မွေးဖွားခဲ့သည်။ ငယ်မည်မှာ မောင်မှော်
ပထမပြန် စာမေးပွဲအား ကျောင်းသားအဖြစ် ၁ ကြိမ်၊ သာမဏေ အဖြစ် ၂ ကြိမ် ဖြေဆို အောင်မြင်ခဲ့သည်။ ရဟန်းဘွဲ့မှာ
အရှင် နရိန္ဒဓဇ ဖြစ်သည်။ ဘကြီးတော် လက်ထက် စလင်းမင်းသားကြီး ဆရာတော်၊ မြသိန်းတန် ဆရာတော်တို့ ထံ၌
ပညာ သင်ယူ ဆည်းပူးခဲ့သည်။
၁၂၁၀ တွင် ရဟန်းဘဝဖြင့် မဟာဝေယန်ဘုံသာ ကျောင်းတိုက်၌ ရဟန်းငယ်များအား စာပေ ပို့ချခဲ့သည်။ ရွှေဘိုမင်း
(သာယာဝတီမင်း) နှင့် ပုဂံမင်း လက်ထက် မိုးထိတိုက်နှင့် ပြည်ဆရာတော်တို့ ထံ၌ ပရိယတ် ပဋိပတ် ပညာများ
ဆည်းပူးခဲ့သည်။
အမရပူရ ဆီးပန်းနီတိုက်၌ သီတင်းသုံး နေတော်မူစဉ် မင်းတုန်းမင်း မြို့သစ်တည်ရာ မန္တလေး ဆီးပန်းနီတိုက်သို့
ပြောင်းရွှေ့ခဲ့သည်။ ပဉ္စမ သင်္ဂါယနာ တင်သောအခါ မြင်းဝန် ဆရာတော် ဘုရားကြီးနှင့်အတူ နာယက အဖြစ် အမှု
ထမ်းဆောင်ခဲ့သည်။
မင်းတုန်းမင်း လက်ထက် ဆက်ကပ်ခြင်း ခံတော်မူခဲ့ရသည့် ဘွဲ့များမှာ ‘နာရိန္ဒာဘိ သီရိသဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိ
ရာဇဂုရု’ နှင့် ‘နရိန္ဒာဘိ သီရိသဒ္ဓမ္မ ဇောတိပါလဓဇ မဟာဓမ္မရာဇာဓိရာဇာဂုရု’ ဘွဲ့များ ဖြစ်သည်။
ကဝိမဏ္ဍမေဒနီကျမ်းကို ပြုစုတော်မူပြီး ‘ထီးသုဉ်းနန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်’ အစချီ အဖြည့်ပိုဒ် ရတုဖြင့်
မြန်မာစာပေ သမိုင်းတွင် ထင်ရှားတော်မူခဲ့သည်။
၁၂၅၀ ကဆုန်လပြည့်ကျော် ၈ ရက် ဗုဒ္ဓဟူးနေ့၌ ဘဝနတ်ထံ ပျံတော်မူခဲ့ပြီး၊ ပင်းသာမင်းသားက ဆရာတော်၏ အရိုး
အိုးအား ဌာပန၍ မန္တလေး ချမ်းမြသာစည်မြောက်ရပ်ကွက် ၄၂ လမ်း၊ ခင်စောမူ ကွေ့အနီး ရန်ကုန် မန္တလေး လမ်းမ
အနောက်ဘက် နေရာ၌ ဆီးပန်းနီ ဆရာတော် အရိုးအိုး စေတီတော်ကို တည်ထား ကိုးကွယ်ခဲ့သည်။ မြန်မာသက္ကရာဇ်
၁၃၅၇ တွင် ထိုနေရာမှ ဖျက်သိမ်းပြီး ထိုနှစ် တန်ဆောင်မုန်းလဆန်း ၄ ရက်တွင် မန္တလေးတောင်ခြေ စန္ဒာမုနိဘုရားနှင့်
ကျောက်တော်ကြီး ဘုရားအကြား လမ်းဆုံ နေရာတွင် ပြန်လည် ဌာပနာကာ ၁၃၅၇ နတ်တော်လဆန်း ၉ ရက်
(၃၀ – ၁၁ – ၉၅) ကြာသပတေးနေ့တွင် တည်ထား ပြီးစီးခဲ့သည်။
06:17, 23 ဧပြီ 2010 (UTC)
ဒါနပြုရပါလို၏။။။။။
မြန်မာသက္ကရာဇ် ၁၁၇၃ ပြာသို လပြည့်ကျော် ၁ ရက် စနေနေ့တွင် အမရပူရ၌ မွေးဖွားခဲ့သည်။ ငယ်မည်မှာ မောင်မှော်
ဖြစ်သည်။ ဖခင်မှာ ဘိုးတော်ဘုရား၏ အတိုင်ပင်ခံ အမတ် မဟာရာဇသင်္ကြန် ဖြစ်သည်။ ငယ်စဉ်ကပင် သာမဏေ
ဝတ်ခဲ့ရာ သာမဏေဘွဲ့မှာ ရှင်နရိန္ဒ ဖြစ်သည်။ပထမပြန် စာမေးပွဲအား ကျောင်းသားအဖြစ် ၁ ကြိမ်၊ သာမဏေ အဖြစ် ၂ ကြိမ် ဖြေဆို အောင်မြင်ခဲ့သည်။ ရဟန်းဘွဲ့မှာ
အရှင် နရိန္ဒဓဇ ဖြစ်သည်။ ဘကြီးတော် လက်ထက် စလင်းမင်းသားကြီး ဆရာတော်၊ မြသိန်းတန် ဆရာတော်တို့ ထံ၌
ပညာ သင်ယူ ဆည်းပူးခဲ့သည်။
၁၂၁၀ တွင် ရဟန်းဘဝဖြင့် မဟာဝေယန်ဘုံသာ ကျောင်းတိုက်၌ ရဟန်းငယ်များအား စာပေ ပို့ချခဲ့သည်။ ရွှေဘိုမင်း
(သာယာဝတီမင်း) နှင့် ပုဂံမင်း လက်ထက် မိုးထိတိုက်နှင့် ပြည်ဆရာတော်တို့ ထံ၌ ပရိယတ် ပဋိပတ် ပညာများ
ဆည်းပူးခဲ့သည်။
အမရပူရ ဆီးပန်းနီတိုက်၌ သီတင်းသုံး နေတော်မူစဉ် မင်းတုန်းမင်း မြို့သစ်တည်ရာ မန္တလေး ဆီးပန်းနီတိုက်သို့
ပြောင်းရွှေ့ခဲ့သည်။ ပဉ္စမ သင်္ဂါယနာ တင်သောအခါ မြင်းဝန် ဆရာတော် ဘုရားကြီးနှင့်အတူ နာယက အဖြစ် အမှု
ထမ်းဆောင်ခဲ့သည်။
မင်းတုန်းမင်း လက်ထက် ဆက်ကပ်ခြင်း ခံတော်မူခဲ့ရသည့် ဘွဲ့များမှာ ‘နာရိန္ဒာဘိ သီရိသဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိ
ရာဇဂုရု’ နှင့် ‘နရိန္ဒာဘိ သီရိသဒ္ဓမ္မ ဇောတိပါလဓဇ မဟာဓမ္မရာဇာဓိရာဇာဂုရု’ ဘွဲ့များ ဖြစ်သည်။
ကဝိမဏ္ဍမေဒနီကျမ်းကို ပြုစုတော်မူပြီး ‘ထီးသုဉ်းနန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်’ အစချီ အဖြည့်ပိုဒ် ရတုဖြင့်
မြန်မာစာပေ သမိုင်းတွင် ထင်ရှားတော်မူခဲ့သည်။
၁၂၅၀ ကဆုန်လပြည့်ကျော် ၈ ရက် ဗုဒ္ဓဟူးနေ့၌ ဘဝနတ်ထံ ပျံတော်မူခဲ့ပြီး၊ ပင်းသာမင်းသားက ဆရာတော်၏ အရိုး
အိုးအား ဌာပန၍ မန္တလေး ချမ်းမြသာစည်မြောက်ရပ်ကွက် ၄၂ လမ်း၊ ခင်စောမူ ကွေ့အနီး ရန်ကုန် မန္တလေး လမ်းမ
အနောက်ဘက် နေရာ၌ ဆီးပန်းနီ ဆရာတော် အရိုးအိုး စေတီတော်ကို တည်ထား ကိုးကွယ်ခဲ့သည်။ မြန်မာသက္ကရာဇ်
၁၃၅၇ တွင် ထိုနေရာမှ ဖျက်သိမ်းပြီး ထိုနှစ် တန်ဆောင်မုန်းလဆန်း ၄ ရက်တွင် မန္တလေးတောင်ခြေ စန္ဒာမုနိဘုရားနှင့်
ကျောက်တော်ကြီး ဘုရားအကြား လမ်းဆုံ နေရာတွင် ပြန်လည် ဌာပနာကာ ၁၃၅၇ နတ်တော်လဆန်း ၉ ရက်
(၃၀ – ၁၁ – ၉၅) ကြာသပတေးနေ့တွင် တည်ထား ပြီးစီးခဲ့သည်။
06:17, 23 ဧပြီ 2010 (UTC)
ကိုးကား
၁၉၉၉ ခုနှစ်မှာ ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ နေထွတ်ရဲ့ ‘မန္တလေး အဘိဓာန်’ စာအုပ်
ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးးများ၏ ထေရုပ္ပတ္တိများကို google မှရှာဖွေကာပြန်လည် တင်ပြခြင်းဖြင့်ဒါနပြုရပါလို၏။။။။။
အောင်အောင်(မကစ) မှ ကူးယူဖော်ပြထားပါသည်။
No comments:
Post a Comment