21.11.12

မင်္ဂလာတရား ဆယ့်နှစ်ပါး


မင်္ဂလာတရား ၁၂ – ပါးမှာ မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားတော်များနှင့် သက်ဆိုင်ခြင်းမရှိကြောင်း
နှင့် လောကီရေးရာ မင်္ဂလာများသာဖြစ်ကြောင်း လေ့လာသိရှိရပါတယ် ။ ဘုရင် – ဧကရာဇ်များ ရဲ့ အထူးအစီအစဉ်
အဖြစ် တီထွင်ခဲ့သည့် လူမှုရေးဆိုင်ရာ ကောင်း မြတ်သည့် မင်္ဂလာရှိသော ပြုလုပ် ဆောင်ရွက်ချက်များသာဖြစ်
ကြောင်းသိရပါတယ် ။

လောကီဆိုင်ရာ မင်္ဂလာတရား ၁၂- ပါးမှာ


၁) နေ-လပြခြင်း မင်္ဂလာ – ( မွေးကင်းစကလေးငယ်အား နေ နှင့် လ ကိုပြခြင်းဖြစ်ပါတယ် ။ကလေးကို ရွှေ
လင်ဗန်းမှာတင်ကာပြခြင်းဖြစ်ပါတယ်)
၂) ခေါင်းဆေးမင်္ဂလာ – (မွေးစ ကလေးအား ခေါင်းလျှော်ပေးခြင်းဖြစ်ရာ အလှူအတန်း အကျွေးအမွေးများ
ဖြင့် ဧည့်ခံလေ့ရှိပါတယ်)
၃) နားသ(နားထွင်း)မင်္ဂလာ – (ကလေးငယ်၏နားကို ရွှေအပ်-ငွေအပ်ဖြင့်ဖေါက်ခြင်းဖြစ်ရာ အလှူအတန်းပြုလုပ်
လေ့ရှိပါတယ်)
၎) ပုခက်တင်မင်္ဂလာ – (မွေးစကလေးငယ်အား ရွှေပုခက် ငွေပုခက်များပေါ်တင်ခြင်းဖြစ်ပါတယ် )
၅) ထမင်းခွန်. မင်္ဂလာ – (ကလေးငယ်အား စတင်ထမင်းခွန်.ခြင်းဖြစ်ပါတယ် )
၆) အမည်ပေးမင်္ဂလာ – (ကလေးငယ်အားအမည်ပေးခြင်းဖြစ်ပါတယ် ။ အလှူအတန်း အကျွေးအမွေး
ပြုလုပ်လေ့ရှိပါတယ် )
၇) ရှင်ပြု – ရဟန်းခံမင်္ဂလာ – (သားယောကျားလေးများသာပြုလုပ်နိုင်ပါတယ် – အသက် ၂၀-မပြည့်သေးပါက
ကိုရင်ဝတ်ရပြိး -အသက် ၂၀- ပြည့်မှ ရဟန်းခံရပါတယ် ။ သမိးလေးများကိုမူရှင်ပြု ရဟန်းခံပွဲနဲ.အတူ နားထွင်း-
နားဖေါက် ပေးလေ့ရှိပါတယ်)
၈) လက်ထပ်မင်္ဂလာ – (သားသမိးများ အရွယ်ရောက်လာတဲ့အခါ သင့်တော်သူနှင့် ထိမ်းမြားလက်ထပ်
ပေးကြရခြင်းသည် မိဘတို.၏ ဝတ္တရားဖြစ်ပါတယ် )
၉) အနေကဇာတင်မင်္ဂလာ – (ထိမ်းမြားလက်ထပ်ပြီးဘကြသောဇနီးမောင်နှံမှာ ၄င်းတို.၏ အိမ်အသစ်ကို တက်
သောအခါ အိမ်တက်မင်္ဂလာနှင့်တွဲပြီး ဘုရားအနေကဇာတင်ကြရပါတယ်)
၁၀)ဗုဒ္ဒပူဇာမင်္ဂလာ – (မြတ်စွာဘုရားကိုရည်စူးကာ သံဃာတော်များအား ပင့်ဖိတ် ဆွမ်းကပါလှူဒါန်းပြီး
တရားဓမ္မများ ရွတ်ဖ်တ် ပူဇော်ကြခြင်းဖြစ်ပါတယ်)
၁၁)ဓမ္မပူဇာမင်္ဂလာ – (ဗုဒ္ဒြုမတ်ဘုရားအား ပူဇော်သည့်အတိုင်း သံဃာတော်များမှ ရွတ်ဖတ်ပူဇော်ခြင်းပင်ဖြစ်
ပါတယ်)
၁၂)သင်္ကြန္တမင်္ဂလာ – (တန်ခူးလ -နှစ်သစ်ကူးချိန်မှာ ကျင်းပကြသည့် ရိုးရာသင်္ကြန်ပွဲ ဆင်နွှဲကြပြီး- အလှူဒါန
ကုသိုလ်ကောင်းမှုများပြုလုပ်ကြခြင်းဖြစ်ပါတယ် )
တစ်ဆင့်ကူးယူဖော်ပြထားပါသည်။

No comments:

Post a Comment