မြတ်စွာဘုရားရှင်သည် နောင်အခါ သဒ္ဒါတရားရှိသော ရဟန်းယောင်္ကျားများ၊ ရဟန်းမိန်းမများ၊ဒါယကာများ၊ ဒါယိကာများတို့သည် မြတ်ဗုဒ္ဒ၏ သံဝေဂယူဖွယ်ရာသံဝေဇနိယ လေးဌာနသို့ သွားရောက်ဖူးမျှော်ကြရာတွင် သံဝေဂယူပြီး ကြည်ညိုစိတ်ဖြင့် ကွယ်လွန်ပါက အပါယ်ဒုဂ္ဂတိ သို့ရောက်တော်မူ၍ နတ်ရွာသုဂတိသို့ ရောက်ကြကုန်လတံ့ ဟုမဟာပရိနိဗ္ဗာသုတ်တွင် ဟောကြားခဲ့သည်။
သံဝေဂယူစရာ သံဝေဇနိယလေးဌာနတို့မှာ….
၁။ မြတ်စွာဘုရားအလောင်းတော် ဖွားမြင်တော်မူရာ လုမ္ဘိနီဥယာဉ် ..နီပေါနိုင်ငံ
၂။ ဘုရားအဆူဆူပွင့်တော်မူရာ ဗုဒ္ဓဂယာ …အိန္ဒိယနိုင်ငံ
၃။ ဘုရားတိုင်း တရားဦးဟောတော်မူရာ မိဂဒါဝုန် ….အိန္ဒိယနိုင်ငံ
၎။ ဘုရားရှင်တိုင်း ပရိနိဗ္ဗာန်ပြုတော်မူရာ ကုသိနာရုံ အိန္ဒိယနိုင်ငံ တို့ဖြစ်ကြပါသည်။
၁။ မြတ်ဗုဒ္ဓအလောင်းတော် သိဒ္ဓ္ဒတ္ထမင်းသားကို ဖခင်သုဒ္ဒေါဒနဘုရင်ကြီး ထီးနန်းစိုက်ရာ
ကပိလ၀တ်ပြည်နှင့် မယ်တော်မာယာဒေ၀ီတို့ ဒေသဖြစ်ခဲ့သော ဒေ၀ဒဟပြည်အကြားရှိ
လုမ္ဘိနီသာမော အင်ကြင်းတောတွင် မဟာသက္ကရာဇ် (၆၉) ကဆုန်လပြည့်သောကြာနေ့
တွင်ဖွားမြင်တော်မူခဲ့ပြီး သတ္တလောကတွင်၊ အမြတ်ဆုံး၊အဦးဆုံး၊အချီးမွမ်းအပ်ဆုံးဟု
စကားသုံးခွန်းကြွေးကြော်ကာ ခြေလှမ်း(၇)လှမ်းလှမ်းကြွခဲ့ရာအရပ်ဒေသဖြစ်သည်။
ယခုအခါ နီပေါနိုင်ငံတွင်တည်ရှိပါသည်။
၂။ ကမ္ဘာမြေကြီးဖြစ်လျှင်အရင်ဖြစ်ပေါ်၍ ကမ္ဘာမြေပျက်သည့်အခါ နောက်ဆုံးမှသာ
ပျက်ရမည့် မြေမြတ်မဟာ ဗုဒ္ဓဂယာတွင်မဟာသက္ကရာဇ်(၁၀၃) ကဆုန်လပြည့် ဗုဒ္ဒဟူးနေ့
တွင်ဘုရားအဖြစ်သို့ရောက်တော်မူခဲ့ပါသည်။ ပွင့်တော်မူပြီးသော ဘုရားရှင်
တိုင်း ဤနေရာတွင်ပွင့်တော်မူခဲ့သည်၊ နောင်ပွင့်တော်မူမည့် ဘုရားရှင်တိုင်းလည်း ဤ
ဗုဒ္ဓဂယာတွင်ပွင့်တော်ပါမည်။
ယခုအခါ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဂယာမြို့အနီးရှိ ဗုဒ္ဓဂယာဟုထင်ရှားပါသည်။
၃။ ဂေါတမမြတ်စွာဘုရားသည် သားသမင်းတို့ဘေးမဲ့ပေးရာ မိဂဒါဝုန်ဝယ်
ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဓမ္မစကြာ တရားဦးကို မဟာသက္ကရာဇ်(၁၀၃) ခုနှစ်၊ ၀ါဆိုလပြည့်
စနေနေ့တွင် …နေ၀င်လထွက် ဓမ္မစက်..ဆိုသည့်အတိုင်း ညနေချမ်းအချိန်မှာ တရား
ဟောကြားတော်မူခဲ့ကာ ပဉ္စ၀ဂ္ဂီငါးဦးတို့ သောတာပန်ဖြစ်ခဲ့ကြာပြီးမှ ဓမ္မေခစေတီနေရာ
တွင် အနနတ္တလက္ခဏသုတ် ဟောကြားတော်မူခဲ့သဖြင့် ငါးဦးလုံး အာသဝေါကင်းကွာ
ရဟန္တာဖြစ်ခဲ့ကြပါသည်။ တရားရတနာနှင့် သံဃရတနာပေါ်ထွန်းရာ သံဝေဇနိယဌာန
နှင့် အ၀ိဇဟိတဌာနထူးတို့ဖြစ်ပါသည်။ ဤ နေရာတွင် ဘုရားရှင်တိုင်း ဓမ္မစကြာတရား
ဦးကိုဟောသောနေရာဖြစ်ပါသည်။ဤနေရာသည် အိန္ဒိယနိုင်ငံ ဗရာဏသီမြို့အနီးတွင်
တည်ရှိပါသည်။
၎။မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးသည် သက်တော်ရှစ်ဆယ် ၀ါတော်လေးဆယ့်ငါးဝါ
တိုင်အောင် အနားမယူပဲ သတ္တ၀ါဝေနေယျများအကျိုးငှာ ကျွတ်ထိုက်သော နတ်၊လူ၊ဗြဟ္မာ
သတ္တ၀ါတို့အား နိဗ္ဗာန်သို့ သယ် ပိုးဆောင်ရွက်တော်မူပြီး မဟာသက္ကရာဇ် (၁၀၄)ခု
ကဆုန်လပြည့် အင်္ဂါနေ့တွင် အနုပါဒိသေသ နိဗ္ဗာန်ဓါတ်ဖြင့် ပရိနိဗ္ဗာန်ဝင်စံတော်မူသည်။
ဤအရပ်ကား မလ္လမင်းတို့၏ အင်ကြင်ရဂုံ ကုသိနာရုံပင်ဖြစ်ပါသည်။ ထိုအ၇ပ်ဒေသသည်
ယခုအခါ အိန္ဒိယနိုင်ငံ ကုသိနာရုံခရိုင် ကာဆီယမြို့အနီးရှိ သံဝေဇနိယ တစ်ဌာနလည်းဖြစ်
ပါသည်။ ဘုရားသော်မှရှောင်မရသည့် သင်္ခါရတို့ကို စိတ်အာရုံတွင်ခံစားရင်း..မမေ့မသာ
သတိတရားဖြင့် ရုပ်နာမ်ဓမ္မသင်္ခါရတို့ကို ဆင်ခြင်းရန်မှာ ကြားနေတော်မူရသည့်ဟန်ဖြင့်
လျောင်းတော်မူရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ယင်း သံဝေဂအထူးပွားနိုင်ကြပါစေ…
No comments:
Post a Comment