23.11.12

ဧတဒဂ်ဘွဲ့တံဆိပ် ရသူများ


ဧတဒဂ် ဘွဲတံဆပ်တော်ရ ရဟန်းယောက်ျား ၄၁-ပါး။ ။
အဂုၤတၱရ။ ပါ။ ပ-အုပ်၊ နှာ-၂၃။
(၁) “အဂ္ဂရတ္တညူ” ဘွဲ့တံဆိပ်ရသူ အရှင်ကောဏ္ဍည၊
(၂) “အဂ္ဂ မဟာပညာ” ဘွဲ့တံဆိပ်ရသူအရှင် သာရိပုတ္တရာ၊
(၃) တန်ခိုးအရာ၌ “အဂ္ဂ ဣဒ္ဓိမန္တ” ဘွဲ့တံဆိပ်ရသူ အရှင်မောဂ္ဂလ္လာန်၊
(၄)ဓူတင်ဆောင် “အဂ္ဂဓုတင်္ဂဓရ”ဘွဲ့တံဆိပ်ရသူ အရှင် မဟာကဿပ၊
(၅) “ဒိဗ္ဗစက္ခုဥာဏ်”ဘွဲ့တံဆိပ်ရသူ အရှင်အနရုဒ္ဓါ၊

(၆) အမျိုးမြတ်“အဂ္ဂ ဥစ္စကုလိက” ဘွဲ့တံဆိပ်ရသူ အရှင် ဘဒ္ဒိယ၊၄င်းသည် ဘ၀မခြားဘဲ ငါးရာတိုင်တိုင်ဆက်၍မင်းဖြစ်ဖူးသောကြောင့်
အမျိုးမြတ်ဘွဲ့ထူးတံဆိပ်ရသည်ဟူ၏၊
(၇) အသံကောင်း “အဂ္ဂ မဉ္ဇူသရ” ဘွဲ့တံဆိပ်ရသူအရှင်လကုဏ္ဍက ဘဒ္ဒိယ၊
(၈) ခြင်္သေ့သံဖြင့်ကြုံးဝါးသည့် “အဂ္ဂ သီဟနာဒိက” ဘွဲ့တံဆိပ်ရသူအရှင် ပိဏ္ဍောလ ဘာရဒွါဇ ၄င်းသည် အရဟတ္တဖိုလ်ရသည့်နေ့မှာပင် မဂ်ဖိုလ်၌ သံသယရှိသောသူသည်ငါ့ကိုမေးကြဟု မကြောက်မရွံ့ ခြင်္သေ့သံဆို၍ ဘုရားရှေ့တော်၌လည်း အရှင်ဘုရားသာသနာတော်၌ပြုဖွယ်ကိစ္စသည် အကျွန်ုပ်အား အပြီးတိုင်ရောက်ပါပြီဟု ခြင်္သေ့သံကိုဆိုလေသည်၊ ထို့ကြောင့်ဧတဒဂ်ရသည်ဟူ၏၊
(၉) တရားဟောကောင်း “အဂ္ဂ ဓမ္မကထိက” ဘွဲ့တံဆိပ်ရသူ အရှင်ပုဏ္ဏ၊
(၁၀) အကျဉ်းကိုအကျယ်ဖွဲ့တတ်ရာက တံဆိပ်ရသူ အရှင်မဟာကစ္စည်း၊
(၁၁) စိတ်နှလုံးဖြင့်ပြီးသောကိုယ်ကိုဖန်ဆင်းရာ၌ “အဂ္ဂ စေတာ ၀ိဋ” ဘွဲ့တံဆိပ်ရသူ အရှင်စူဠပန်၊
(၁၂) “အဂ္ဂ သညာ ၀ိဋကုသလ” အရာ၌ ဘွဲ့တံဆိပ်ရသူ အရှင် မဟာပန်၊
(၁၃) ကိလေသာကင်း၍နေသောအရာမြတ်သောအလှုခံပုဂ္ဂိုလ်အရာတို့၌ ဘွဲ့တံဆိပ်နှစ်ထပ်ရသူ အရှင် သုဘူတိထေရ်၊
(၁၄)အရညကင်တောရ ဘွဲ့တံဆိပ်ရသူ ရှားတောနေ အရှင်ရေ၀တထေရ်၊
(၁၅) ဈာန်ဝင်စားသောအရာ၌ဘွဲ့တံဆိပ်ရသူ အရှင် ကင်္ခါရေ၀တ၊
(၁၆) လုံ့လ၀ီရိယအရာ၌ ဘွဲ့တံဆိပ်ရသူ ကုဋေ ၂၀-တန်တန်ဆာကို လူ့ဘ၀၌ ၀တ်ဆင်ခဲ့ဖူးသော သူဌေးသား သောဏခေါ် အရှင်ကောဋိဝိသသောဏ၊
(၁၇) သာယာ နာပျော်ဖွယ်ရှိအောင် ရွတ်ဖတ်တတ်သောအရာ၌ “အဂ္ဂ ကလျာဏ ၀ါက္ကရ”ဘွဲ့တံဆိပ်ရသူ လူ့ဘ၀က တစ်ကုဋေတန် နားတောင်းတန်ဆာ ဆင်ပန်ခဲ့ဖူးသည့် အရှင်ကုဋိကဏ္ဏသောဏ၊
(၁၈) လာဘ်ပေါများသော အရာ၌ “အဂ္ဂ လာဘီ” ဘွဲ့တံဆိပ်ရသူ အရှင်သီဝလိ၊
(၁၉) သဒ္ဒါအားကြီးသောအရာ၌ “အဂ္ဂ သဒ္ဒါဓိမုတ္တ” ဘွဲ့တံဆိပ်ရသူ အရှင် ၀က္ကလိ၊
(၂၀)သိက္ခာသုံးပါးကို လိုလားလိုက်နာရာ၌ “အဂ္ဂ သိက္ခာကာမ” ဘွဲ့တံဆိပ်ရ သားတော် အရှင်ရာဟုလာ။
(၂၁) “အဂ္ဂ သဒ္ဒါ ပဗ္ဗဇ္ဇိတ” အရာ၌ ဘွဲ့တံဆိပ်ရသူ အရှင် ရဋ္ဌပါလ၊
(၂၂) စာရေးတံခေါ်မဲလိပ်ချအလှုကို ရှေးဦးစွာယူရာ၌ “အဂ္ဂ ပဌမ သလာက ဂဏှန္တ” ဘွဲ့တံဆိပ်ရသူ အရှင် ကောဏ္ဍဒါန၊
(၂၃) ကဗျာကာထာ သီကုံးဖွဲ့ဆိုရာက လျင်မြန်ခြင်း “အဂ္ဂ ပဋိဘာဝန၀န္တ” ဘွဲ့တံဆိပ်ရသူ အရှင်ဝ င်္ဂီသ
(၂၄) ထက်ဝန်းကျင်ကြည်ညိုဖွယ်ကို ဆောင်ရာ၌ “အဂ္ဂ သမန္တ ပါသာဒိက” ဘွဲ့တံဆိပ်ရသူအရှင် ဥပသေန၊
(၂၅) ကျောင်းအိပ်ယာနေရာ ခင်းတတ်ရာ၌ “အဂ္ဂ သောနာသန ပညာပက”ဘွဲ့တံဆိပ်ရသူ အရှင် ဒဗ္ဗ၊
(၂၆) နတ်တို့ချစ်မြတ်နိုးအပ်သည့်အရာ၌ “အဂ္ဂ ဒေ၀ါနံ ၀ိယမနာပ”ဘွဲ့တံဆိပ်ရသူ အရှင် ပိလန္ဒ၀စ္ဆ၊
(၂၇) တရားကို လျင်စွာသိသောအရာ၌ “အဂ္ဂခိပ္ပါဘိည”ဘွဲ့တံဆိပ်ရသူ အရှင်ဒါရုစိ၊
(၂၈) ဆန်းဆန်းကြယ်ကြယ်စကားကိုပြောဆိုတတ်ရာ၌“အဂ္ဂ စိတ္တ ကထိက” ဘွဲ့တံဆိပ်ရသူ အရှင်ကုမာရကဿပ၊
(၂၉) “အဂ္ဂ ပဋိသမ္ဘိဒါပတ္တ”ဥာဏ်အရာ၌ ဘွဲ့တံဆိပ်ရသူ အရှင် မဟာကောဋ္ဌိတ၊
(၃၀) ဗဟုသုတအရာ သတိမမေ့သည့်အရာပညာလျင်သည့်အရာ လုံ့လရှိသည့်အရာ အလုပ်အကျွေးကောင်း ပေါင်း ဘွဲ့တံဆိပ်ငါးထပ်ရသူအရှင် အာနန္ဒ။ (၃၁) အခြံအရံများခြင်း၌ “အဂ္ဂ မဟာပရိသ” ဘွဲ့တံဆိပ်ရသူ အရှင် ဥရုဝေဠကဿပ၊
(၃၂) အမျိုးကို ကြည်ညိုအောင်ပြုလုပ်တတ်ရာ၌ “အဂ္ဂ ကုလပသာဒက” ဘွဲ့တံဆိပ်ရသူ အရှင်ကာလုဒါယီ၊
(၃၃) အနာရောဂါကင်းရာ၌ “အဂ္ဂ အပ္ပါဗာဓိက” ဘွဲ့တံဆိပ်ရသူ အရှင် ဗာကုလ၊၄င်းသည် အယုတ်သဖြင့် သန်းဝေခြင်း ချေဆတ်ခြင်းမျှမရှိ ဟူသတ်၊ (၃၄)ပုဗ္ဗေနိဝါသဥာဏ်၌“အဂ္ဂ ပုဗ္ဗေနိဝါသ အနုသရန္တ” ဘွဲ့တံဆိပ်ရသူအရှင်သောဘိတ၊
(၃၅) ၀ိနည်းဓိုရ်ရာထူးက “အဂ္ဂ၀ိနယဓရ” ဘွဲ့တံဆိပ်ရသူ အရှင် ဥပါလိ၊
(၃၆) ဘိက္ခုနီမတို့ကိုဆုံးမရာ၌ အကောင်းဆုံး“အဂ္ဂဘိက္ခုနောဝါဒက” ဘွဲ့တံဆိပ်ရသူ အရှင် နန္ဒက၊
(၃၇) ဣနြေ္ဒကောင်းရာ၌’အဂ္ဂဣနြေ္ဒိယဂုတ္တဒွါရ’ ဘွဲ့တံဆိပ်ရသူ ညီတော်မင်းနန်ခေါ် အရှင်နန္ဒ၊
(၃၈) ရဟန်းတော်တို့ကိုဆုံးမရာ၌အကောင်းဆုံး ‘အဂ္ဂ ဘိက္ခု သြဝါဒက’ ဘွဲ့တံဆိပ်ရသူ အရှင် မဟာကပ္ပိန္န၊
(၃၉)တေဇောကသိုဏ်းရာထူး၌’အဂ္ဂ တေဇောဓါတု ကုသလ’ ဘွဲ့တံဆိပ်ရသူ အရှင် သာဂတထေရ်၊
(၄ဝ) ဒေသနာတော် အသစ်အသစ်တင်ရာ၌ ‘အဂ္ဂ ပဋိဘာနေယျက’ ဘွဲ့တံဆိပ်ရသူ အရှင် ရာဓ၊
(၄၁) ညစ်နွမ်းခေါင်းပါးသောပံ့သကူသင်္ကန်းကို ဆောင်ရာ၌ ‘အဂ္ဂ လုခ စီဝရ ဓရ’ဘွဲ့တံဆိပ်ရသူအရှင်မောဃရာဇ။
ဧတဒဂ်ဘွဲ့ထူး ခံယူရသူ လူဒါယကာ ယောက်ျား ၁ဝ-ယောက်။
(၁) ‘တဖုဿ ဘလ္လိက’ ကုန်သည် ညီနောင်- ရှေးဦးစွာ သရဏဂုံဆောက်တည်ရာ၌ဘွဲ့ထူးရလေသည်၊¤င်းတို့သည် ဘုရားဖြစ်၍ ၄၉-ရက်အလွန် လင်းလွန်းပင်ရင်းမှာဘုရားနှင့်ရှေးဦးစွာတွေ့သောလူထူးလူမြတ်တို့ပေတည်း၊ သို့သော် သံဃာမရှိသေးရကား ‘ဒွေဝါစိကသရဏဂုံ’သာ ရသည်။
(၂) အနာထပိဏ် သူဌေးကြီး- အလှူဒါနအရာ၌ အများဆုံးဘွဲ့တံဆိပ်တော်ရလေသည်။
(၃) စိတ္တသြူ<ွကယ်- တရားဟောကောင်း ဘွဲ့တံဆိပ်ရလေသည်။ ၄င်းသည် ရုပ် နာမ် ကံဝိပါက်တို့၌အထူးလိမ္မာလျက် နောင်ခါ သဠာယတနသံယုတ်၌ သုတ်ပေါင်းတစ်ဆယ်ကျော်ရှိသော’စိတ္တသံယုတ်’ကိုဟောရာတွင် ဧတဒဂ်ဘွဲ့တံဆိပ်တော်မြတ်ရလေသည်။
(၄) ဟတ္ထာဠာဝက- ‘သင်္ဂဟဝတ္ထုလေးပါးဖြင့် ထောက်ပံ့၍ ပရိတ်သတ်အားမိမိထံသို့ရောက်အောင်ဆွဲဆောင်ရာ၌’ ဘွဲ့တံဆိပ်တော်ရလေသည်။
(၅) မဟာနံ သာကီဝင်မင်း- အခါမပြတ် အကောင်းအမြတ်တို့ကို ပေးလှူတတ်ရာ၌ ‘အဂ္ဂပဏီတ ဒါယကာ’ ဘွဲ့တံဆိပ်ရလေသည်။
(၆) ဝေသာလီမြို့နေ ဥဂ္ဂသူကြွယ်- နှစ်သက်ဖွယ်အရာကို ပေးလှူတတ်သည့်အရာ၌ ‘အဂ္ဂမနာပ ဒါယကာ’ဘွဲ့တံဆိပ်တော်ရလေသည်။
(၇) ဟတ္ထိဂါမရွာနေ ဥဂ္ဂသူကြွယ်- သံဃာအလုပ်အကျွေးကောင်း ‘အဂ္ဂ သံဃုပဋ္ဌာက’ဘွဲ့တံဆိပ်တော်ရလေသည်။
(၈) သူရပန်- မတုန်မလှုပ် ကြည်ညိုရာ၌ ‘အဝေစ္စ ပသန္န’ ဘွဲ့တံဆိပ်ရလေသည်၊ အချို့မူ၌သုရဗန္ဓ-သူရဗန်ဟုရှိသည်။
(၉) ဆရာဇီဝက- ပုဂ္ဂိုလ်ကို ကြည်ညိုတတ်သောအရာ၌ ဘွဲ့တံဆိပ်ရလေသည်၊ သီလသမာဓိ ပညာစသော ဂုဏ်ကျေးဇူး အထူးရှိသောရဟန်းကို ဂုဏ်ကျေးဇူးအလျောက် အထူးတလည်ကြည်ညိုမြတ်နိုးတတ်သောကြောင့် ‘ပုဂ္ဂလ ပသန္န’ ဘွဲ့တံဆိပ်ရသည်ဟူ၏။
(၁ဝ) နကုလပိတာ သြူ<ွကယ်- ဘုရားနှင့် အကျွမ်းဝင်ရာ၌ ဘွဲ့တံဆိပ်ရသည်၊ သူသည်ဘုရားရှင်ကိုရှေးဦးအကြိမ်တွေ့ကာမျှပင် ‘ချစ်သားရယ် ဒီမျှလောက်ကြာမြင့်အောင် မိဘကိုစွန့်၍ဘယ်အရပ်သိြု့<ွကနေသနည်း’ဟု အကျွမ်းတဝင်ပြောဆိုလေသည်၊ သို့ဆိုနိုင်ခြင်းကား ဘဝမခြားဘဲ
ငါးရာတိုင်တိုင်ဘုရားရှင်၏အဘဖြစ်ဖူးပြီ၊ ထို့အတူ ဘကြီးငါးရာ ဘထွေးငါးရာ ဝရီးအဖြစ်
အကြိမ်ငါးရာ ဘဝမခြားဘဲဖြစ်ဖူးသည်ကိုစွဲ၍ အကျွမ်းတဝင် ဘုရားရှင်အား ‘ချစ်သား ချစ်သား’နှင့်
ခေါ်လေ့ရှိသတတ်၊ ထို့ကြောင့် ‘ဝိဿာသက’ဘွဲ့တံဆိပ်ရလေသည် ဟူ၏။
…ဧတဒဂ် ဘွဲ့တံဆိပ်တော်ရ ရဟန်းမိန်းမ ၁၃-ပါး။ ဧတဒဂ် ဘွဲ့တံဆိပ်ရ လူမိန်းမ ၁ဝ-ယောက်။
ဧတဒဂ် ဘွဲ့တံဆိပ်တော်ရ ရဟန်းမိန်းမ ၁၃-ပါး။ ။
(၁) မိထွေးတော် မဟာပဇာပတိ ဂေါတမီ ထေရီ- ‘အဂ္ဂ ရတ္တညူ’ ဘွဲ့တံဆိပ်တော်ရသည်။
(၂) ခေမာ ထေရီ ‘အဂ္ဂ မဟာပညာ’ ဘွဲ့တံဆိပ်တော်ရသည်။
(၃) ဥပ္ပလဝဏ် ထေရီ- ‘တန်ခိုးကြီး’ ဘွဲ့တံဆိပ်တော်ရသည်။ ဘုရားရှင် ယမိုက်ပြာဋိဟာပြခါနီး၌အရှင်ဘုရား တန်ခိုးပြတော်မမူပါနှင့်တော့၊ တပည့်မသည် အလျား ၁၂-ယူဇနာ၊ အနံ၁၂-ယူဇနာ၊ အဝန်း ၃၆-ယူဇနာ၊ ဗိုလ်ထုနှင့် စကြာမင်းဟန်ဖန်ဆင်း၍ခြေတော်မြတ်ကိုဦးတိုက်ပါမည်ဟုလျှောက်ထားရာတွင်ဧတဒဂ် ဘွဲ့ထူးရလေသည်။
(၄) ပဋာစာရီ ထေရီ- ဝိနည်းဓိုရ်အရာ၌ ‘အဂ္ဂ ဝိနယ ဓါရီ’ ဘွဲ့တံဆိပ်တော်မြတ်ရသည်။
(၅)ဓမ္မဒိန္နာထေရီ’အဂ္ဂဓမ္မကထိက’ဘွဲ့တံဆိပ်တော်ရသည်။ဝိသာခါဒါယိကာမကြီးကတရားဟောရန်လျှောက်ထားတောင်းပန်သောကြောင့်အထူးထူးသောနည်းတို့ဖြင့်
ခက်ခဲနက်နဲသိမ်မွေ့သောမူလပဏ္ဏာသကျမ်း၌ ‘စူဠဝေဒလ္လ’ သုတ်ကိုဟောတော်မူရာငါဘုရားဟောသော်လည်း သည်အတိုင်းပင် ဟောရတော့မည်ဟု ကောင်းချီးပေးလျက်ဧတဒဂ်ဘွဲ့ထူးကို အပ်နှင်းချီးမြှောက်လေသည်ဟူ၏။
(၆) နန္ဒာ ထေရီ- ဈာန်ဝင်စားသောအရာ၌ ‘အဂ္ဂ ဈာယိကာ’ ဘွဲ့ထူးတံဆိပ်တော်ရသည်။
(၇) သောဏာ ထေရီ- ‘လုံ့လ ဝီရိယကောင်း’ ဘွဲ့တံဆိပ်တော်ရသည်။
(၈) ဗကုလာ ထေရီ- ‘ဒိဗ္ဗစက္ခုÓဏ်’ ဘွဲ့တံဆိပ်တော်ရသည်။ (အချို့မူ၌ ‘သကုလာ’ဟု ရှိသည်။)
(၉) ဘဒ္ဒါ ကုဏ္ဍလ ကေသာ ထေရီ- အဘိညာဉ်အရာ၌ လျင်မြန်သောကြောင့် ‘အဂ္ဂခိပ္ပါဘိည’ တံဆိပ်တော်ရသည်။
(၁ဝ) ဘဒ္ဒါ ကပိလာနီ ထေရီ- ‘ပုဗ္ဗေနိဝါသÓဏ်’ တံဆိပ်တော်ရသည်။
(၁၁) ရာဟုလာမယ်တော် ဘဒ္ဒကဉ္စနာ ယသော်ဓရာ ထေရီ- ‘ဥာဏ်အမြင်ကြီးရာ၌’ တံဆိပ်တော်ရသည်။
(၁၂) ကိသာ ဂေါတမီ ထေရီ- ညစ်နွမ်းခေါင်းပါးသော ပံ့သကူသင်္ကန်းကို ဆောင်ရာ၌’အဂ္ဂ လူခ စီဝရ ဓါရီ’ တံဆိပ်တော်မြတ်ရသည်။
(၁၃) သိင်္ဂါလ မာတာ ထေရီ- သဒ္ဓါတရားကောင်း ‘သဒ္ဓါဓိမုတ္တ’ ဘွဲ့တံဆိပ်တော်မြတ်ရလေသည်။
ဧတဒဂ် ဘွဲ့တံဆိပ်ရ လူမိန်းမ ၁ဝ-ယောက်။
(၁) သေနိယ သူဌေးသမီး သုဇာတာ- ရှေးဦးစွာ သရဏဂုံဆောက်တည်ရာ၌ ‘အဂ္ဂ ပထမသရဏဂမဏ’ ဘွဲ့တံဆိပ်တော်ရလေသည်။
(၂) ပုဗ္ဗာရုံ ကျောင်းအမကြီး ဝိသာခါ- အလှူဒါနအရာ၌ အများဆုံး ဘွဲ့တံဆိပ်တော်ရလေသည်။
(၃) ခုဇ္ဇုတ္တရာ- ‘အဂ္ဂ ဗဟုသုတ’ ဘွဲ့တံဆိပ်တော်ရလေသည်။ ¤င်းသည် အကြားအမြင်များ၍သာမာဝတီကြီးမှူးသော အုပ်စုငါးရာတို့အား သင်ကြားပို့ချရလေသည်၊ ¤င်းသင်ကြားပို့ချရသောကျမ်းကားသုတ္တန်ပိဋက၌ ဣတိဝုတ္တက ကျမ်းဟူ၍ ကျမ်းသီးတစ်စောင်ပင်ဖြစ်လေသည်၊ သည်ကို
အကြောင်းပြု၍ဧတဒဂ်ဘွဲ့ထူးရသည်ဟူ၏။
(၄) သာမာဝတီ-မေတ္တာဖြင့်နေသောအရာ၌ ‘အဂ္ဂ မေတ္တာ ဝိဟာရီ’ ဘွဲ့တံဆိပ်ကို ရလေသည်။
(၅) နန္ဒမာတာ ဥတ္တရာ- ဈန်ဝင်စားရာ၌ ‘အဂ္ဂဈာယီ’ ဘွဲ့တံဆိပ်တော်ကို ရလေသည်။
(၆) ကောလိယမင်းသမီး သုပ္ပဝါသာ- အကောင်းအမြတ်ပေးလှူရာ၌ ‘အဂ္ဂ ပဏီတ ဒါယိကာ’ဘွဲ့တံဆိပ်ကိုရလေသည်။
(၇) သုပ္ပိယာ-သူနာကို ပြုစုလုပ်ကျွေးရာ၌ အကောင်းဆုံးသူနာပြုတတ်သူ ‘အဂ္ဂဂိလာနုပဋ္ဌာက’ ဘွဲ့တံဆိပ်တော်ကို ရလေသည်။
(၈) ကောတိယာနီ- မတုန်မလှုပ် ကြည်ညိုရာ၌ ‘အဂ္ဂ အဝေစ္စ ပသန္န’ဘွဲ့တံဆိပ်တော်ရလေသည်။
(၉) နကုလ မာတာ ဘုရားနှင့်အကျွမ်းဝင်ခြင်း၌’အဂ္ဂ ဝိဿာသီက’ ဘွဲ့တံဆိပ်တော်ကိုရလေသည်။(နကုလ ပိတာ နှင့်တူ)
(၁ဝ) ကာလီ ခေါ် ဒါယိကာမ- အဆင့်ကြားအားဖြင့် ဘုရားကိုကြည်ညိုသောအရာ၌ ‘အဂ္ဂအနုဿဝ ပသန္န’ခေါ် ဘွဲ့တံဆိပ်တော်ကို ရလေသည်။
copy by Myanmar Cupid Forum (Myanmar Cupid Forum)

No comments:

Post a Comment