ထေရုပ္ပတ္တိအကျဉ်း
ဘွဲ့တော် – ဘဒ္ဒန္တဣန္ဒက
ကျောင်းတိုက် – မဟာစည်သြ၀ါဒခံ ညောင်ကန်အေးသာသနာ့ရိပ်သာ
အသက်၊ သိက္ခာ၊ ဂိုဏ်း – သက်တော် (၇၂)နှစ်၊ ၀ါတော် (၅၂)၀ါ၊
ရွှေကျင်ဂိုဏ်း
မွေးသက္ကရာဇ် – ၁၃၀၀ ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၁၃) ရက်၊ (၁၆၊၄၊၁၉၃၉) တနင်္ဂနွေနေ့၊
သာသနာဝင်အမှတ် – ၁၂/ဗဟန (သ)၀၀၃၆၉၆
ဇာတိရပ်ရွာနှင့် ခမည်းတော် မယ်တော်တို့၏အမည်-စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ရွာ၊
ခမည်းတော် ဦးဘဒေါင် မယ်တော် ဒေါ်ပွဲဟန်၊
ရှင်ရဟန်းပြုခြင်း
အသက်(၁၃)နှစ်သားအရွယ်၌ ညောင်ကန်ရွာ ရှစ်မျက်နှာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒ၀ံသကို ဥပဇ္ဈာယ် ပြု၍ “ ရှင်ဣန္ဒက ’’ ဘွဲ့အမည်ဖြင့် ရှင်သာမဏေအဖြစ် ခံယူပါသည်။ ၁၃၂၀ ပြည့်နှစ်၊ ဒုတိယ၀ါဆိုလဆန်း (၅)ရက်နေ့၊
ညောင်ကန်ရွာ၊ ရှစ်မျက်နှာကျောင်းတိုက်၊ သင်္ဘောကျောင်း ဆရာတော် ဘဒ္ဒန္တဣန္ဒ၀ံသမဟာထေရ်ကို ဥပဇ္ဈာယ်ပြု၍
မိဘဆွေမျိုးများ၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရဟန်းအဖြစ်သို့ ရောက်ရှိပါသည်။
စာပေသင်ယူခြင်း
၁၃၃၁- နှစ်မှစ၍၊ ဥပဇ္ဈာယ်ဆရာတော် ဘဒ္ဒန္တဣန္ဒ၀ံသနှင့် မန္တလေးမြို့ မိုးကောင်းကျောင်းတိုက်၊ ကံ့ကော်ကျောင်း၊မုံရွာမြို့ မဏိရတနာပုံကျောင်းတိုက်၊ ပခုက္ကူမြို့ မဟာဝိသုတာရာမ (အလယ်တိုက်ကြီး) စသည့် စာချအကျော် ဆရာ
တော်များထံတွင် ပိဋကတ်သုံးသွယ်၊ နိကာယ်ငါးဖြာ ပါဠိအဋ္ဌကထာ ဋီကာများကို ကျွမ်းကျင်တတ်မြောက်သည်အထိ
လေ့လာဆည်းပူးသင်ယူခဲ့ပါသည်။
အောင်မြင်ခဲ့သောစာမေးပွဲများ
ပိဋကတ်သုံးသွယ် နိကာယ်ငါးရပ် ပါဠိတော် အဋ္ဌကထာ ဋီကာများကို ပခုက္ကူနည်း (ဆိုဝါ) အဖြစ်ဖြင့် ကျွမ်းကျင်နိုင်နင်းစွာ လေ့လာဆည်းပူးသင်ယူအောင်မြင်ခဲ့ပါသည်။
ရဟန်းရှင်လူတို့ကို ကျေးဇူးပြုသော ရေးသားပြုစုခဲ့သည့်ကျမ်းဂန်များ
တက်ရောက်ခဲ့ဘူးသောသင်တန်းများ၊
- (၁) ဒေသနာကြေးမုံဆောင်ပုဒ်များ -၁၉၇၄ ခုနှစ်
- (၂) အညာတခွင်တရားဟောထွက်ခဲ့စဉ်က -၁၉၇၅
- (၃) မဟာစည်စာမွန်ဦး(၂)စာစောင် -၁၉၇၇
- (၄) မြတ်သတိဝါဒီမဟာစည်စာမွန်ဦး(၃)စာစောင် -၁၉၇၇
- (၅) မိုးကုတ်မိုးမိတ် မအူပင် မဟာစည်ဒေနာခရီးစဉ်မှတ်တမ်း -၁၉၇၇
- (၆) ကန္တာရ၀တီ ကယားပြည်တခွင် တရားဟောထွက်ခဲ့စဉ်က -၁၉၇၇
- (၇) ဗုဒ္ဓဓမ္မဆောင်းပါးများ -၁၉၇၈
- (၈) ကုရုတိုင်းသွင် သတိပဋ္ဌာန်ပွားစေချင်တရားတော် -၁၉၇၈
- (၉) တောင်ပိုင်းမောတခွင် တရားဟောထွက်ခဲ့စဉ်က -၁၉၇၈
- (၁၀) မဟာစည်ရွှေလမင်း -၁၉၇၉
- (၁၁) သောကကင်းဝေး ချမ်းသာအေးတရားတော် -၁၉၇၉
- (၁၂) အနန္တကြေးမုံဆောင်းပါးများ -၁၉၇၉
- (၁၃) သီလ၀န္တ သုတ၀န္တသုတ္တန် သတိပဋ္ဌာန်ဝပဿနာရှုနည်းတရားတော် -၁၉၈၀
- (၁၄) ငိုကြွေးကင်းရန်သတိပဋ္ဌာန်တရားတော် -၁၉၈၂
- (၁၅) ရှုမှတ်သိမြင်နိဗ္ဗာန်ဝင်တရားတော် -၁၉၈၂
- (၁၆) မြတ်ဒေသနာဆောင်ပုဒ်လင်္ကာများ -၁၉၈၃
- (၁၇) ဗုဒ္ဓဘာသာ ‘ က ’ ကြီး ‘ခ ’ ခွေး -၁၉၈၃
- (၁၈) မဟာစည်တစ်ဘ၀ဖြစ်စဉ် -၁၉၈၄
- (၁၉) မေတ္တာပွားပုံနည်းမျိုးစုံ -၁၉၈၅
- (၂၀) ညောင်ကန်အေးဝတ်ရွတ်စဉ် -၁၉၈၅
- (၂၁) ဘုရားဖြစ်စဉ်မြတ်ဗုဒ္ဓ၀င်ပုံပြတရားတော် -၁၉၈၆
- (၂၂) တရားရသော် တရားနှင့်ပျော်ဆောင်ပုဒ်များ -၁၉၈၆
- (၂၃) စိတ်ညစ်ကင်းရန်သတိပဋ္ဌာန် -၁၉၈၆
- (၂၄) ကိုယ်တွေ့ဥာဏ်မြင်နိဗ္ဗာန်ဝင် -၁၉၈၈
- (၂၅) သတိပဋ္ဌာန်ကြွေးကြော်သံ(ပ+ဒု+တ+စ+မ) – ၁၉၈၉
- (၂၆) The message of Satipatthana (par 1-2-3-4)
- (၂၇) လေးနိုင်ငံဓမ္မဒူတခရီးမှတ်တမ်း -၁၉၉၂
- (၂၈) အောင်ခြင်းရှစ်ပါး -၁၉၉၅
- (၂၉) ၀ိပဿနာရှုနည်းမှတ်တမ်း -၁၉၉၆
- (၃၀) အင်္ဂလန် ဆွဇ်ဇာလန် ပြင်သစ် သုံးနိုင်ငံဓမ္မဒူတခရီး -၁၉၉၆
- (၃၁) အချိန်ရှိခိုက် လုံ့လစိုက် -၁၉၉၆
- (၃၂) လန်ဒန်သာသနာပြုမှတ်တမ်း -၁၉၉၆
- (၃၃) အင်းစိန်ခရစ်ယာန်ကျမ်းစာသင်ကျောင်းတွင် မြတ်ဗုဒ္ဓဓမ္မသဘင် -၁၉၉၆
- (၃၄) သံယောဇဉ်ပြတ်လျှင် နိဗ္ဗာန်ဝင်တရားတော် -၁၉၉၆
- (၃၅) ကြောက်ရွံ့ကင်းဝေး ငြိမ်းချမ်းအေးတရားတော် -၁၉၉၆
- (၃၆) သင်္ခေပဗုဒ္ဓပူဇာ -၁၉၉၈
- (၃၇) ဒုတိယမ္ပိ အင်္ဂလန်ဓမ္မဒူတခရီးမှတ်တမ်း -၁၉၉၈
- (၃၈) ဒေါက်တာသီလာနန္ဒာဘိဝံသ၏ ပြည်ပသာသနာပြုအတွေ့အကြုံမှတ်တမ်း -၂၀၀၀
- (၃၉) အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု (ဒေါက်တာသီလာနန္ဒာဘိဝံသ) -၂၀၀၇
သာသနာရေးဆောင်ရွက်ချက်များ
(က) ယဉ်ကျေးမှုနည်းပြသက်တမ်းနှင့် ယဉ်ကျေးမှုသင်တန်းသို့တက်ရောက်သည့် သင်တန်းသား
အရေအတွက်
ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ နွေရာသီအခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း၌ မဟာစည်ဆရာတော်ဘုရားကြီး၏တာဝန်ပေးအပ်ချက်အရ ၁၃၃၈- ခုနှစ်မှ ၁၃၄၂ ခုနှစ်အထိ(၅)နှစ်တာမျှ သင်တန်းမှူးအဖြစ် တာဝန်
ထမ်းဆောင်ခဲ့ပါသည်။ သင်တန်းသား သာမဏေ သီလရှင်ပေါင်း (၅၀၀) ကျော်မျှ တက်ရောက်သင်ကြားပါသည်။
မဟာစည်သြ၀ါဒခံ ညောင်ကန်အေးသာသနာ့ရိပ်သာတည်ထောင်သည့် ၁၃၄၂ ခုနှစ်မှစတင်၍ ညောင်ကန်အေး
သာသနာ့ရိပ်သာတွင် နွေရာသီအခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို ညောင်ကန်အေးဆရာတော်မှ
နှစ်စဉ်ကျင်းပပေးလျက်ရှိပါသည်။
ညောင်ကန်အေး ပြည်တွင်းပြည်ပ ဗုဒ္ဓသာသနာပြုသင်တန်း ဖွင့်လှစ်ခြင်း
ညောင်ကန်အေးဆရာတော် တည်ထောင်ဖွင့်လှစ်သည့် ညောင်ကန်အေးပြည်တွင်းပြည်ပသာသနာပြုသင်တန်း ကို၁၃၅၅ ခု၊ ဒုတိယ၀ါဆိုလပြည့်ကျော် (၆)ရက်၊ ၁၉၉၃ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။အငြိမ်း
စားကထိက ဆရာ ဆရာမပေါင်း(၂၈)ဦးတို့ဖြင့် သင်ကြားဖွင့်လှစ်ခဲ့သည့် ညောင်ကန်အေးပြည်တွင်း ပြည်ပ ဗုဒ္ဓသာ
သနာပြုသင်တန်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာရဟန်းတော်များ ကမ္ဘာသို့သာသနာပြန့်ပွား အောင်ဆောင်ရွက်ရာ
တွင် အဓိကလိုအပ်ချက်ဖြစ်သည့် ဘာသာစကားကျွမ်းကျင်မှုကို အထောက်အကူဖြစ် စေရန် ဖြစ်ပါသည်။ သို့ဖြစ်၍
ဓမ္မာစရိယနှင့် ဓမ္မာစရိယအခြေခံအဆင့်ရှိ ရဟန်းတော်များကို အဓိကထား သင်ကြားပေးခဲ့ပါသည်။ သင်တန်းမှ ထူးချွန်
သည့်ရဟန်းတော်များကိုလည်း နိုင်ငံခြားတက္ကသိုလ်များသို့ ဆက်လက်ပညာဆည်းပူးနိုင်ရေးအတွက် ညောင်ကန်
အေးဆရာတော်မှ တာဝန်ယူဆောင်ရွက်ပေးခဲ့ပါသည်။
သင်တန်းသို့ တက်ရောက်ကြသည့် နှစ်အလိုက် သင်တန်းသား သံဃာတော်များ-
၁၉၉၃-၉၄ ခုနှစ် (၃၀) ပါး
၁၉၉၄-၉၅ ခုနှစ် (၃၆) ပါး
၁၉၉၅-၉၆ ခုနှစ် (၃၉) ပါး
၁၉၉၆-၉၇ ခုနှစ် (၁၇) ပါး
၁၉၉၇-၉၈ ခုနှစ် (၂၉) ပါး
၁၉၉၈-၉၉ ခုနှစ် (၂၃) ပါး
၁၉၉၉-၂၀၀၀ ပြည့်နှစ် (၂၇) ပါး
၂၀၀၀-၂၀၀၁ ခုနှစ် (၂၆) ပါး
၂၀၀၁-၂၀၀၂ ခုနှစ် (၂၀) ပါး
၂၀၀၂-၂၀၀၃ ခုနှစ် (၁၅) ပါး
၂၀၀၃-၂၀၀၄ ခုနှစ် (၂၀) ပါး
သင်တန်းကာလ (၃)နှစ်ပြီးဆုံးပါက သင်တန်းအောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းပါသည်။သင်တန်းအောင်
လက်မှတ် ဆက်ကပ်ပြီးသံဃာတော် (၃၀) ပါးရှိပါသည်။ ညောင်ကန်အေးပြည်တွင်းပြည်ပဗုဒ္ဓသာသနာပြုသင်တန်း
မှ ပြည်ပတက္ကသိုလ်များသို့ ပညာဆက်လက် ဆည်းပူးခွင့်ရရှိသည့် သင်တန်းသားများအနက် သီရိလင်္ကာနိုင်ငံမှ
M.A ဘွဲ့ရ(၆)ပါး၊ အိန္ဒိယနိုင်ငံမှ B.A ဘွဲ့ရ(၂)ပါး၊ B.A တက်ရောက်ဆဲ(၂)ပါး၊ M.A (၂)ပါး၊ Ph.D (Thesis) (၂)ပါးတို့
ကို မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။
(ခ) ဘ/ကကျောင်းနည်းပြသက်တမ်းနှင့် သင်ကြားပေးလျက်ရှိသော ကျောင်းသား/ကျောင်းသူအရေအတွက်
ညောင်ကန်အေးလောကချမ်းသာပရဟိတကျောင်းတည်ထောင်ခြင်း
မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ညောင်ကန်အေးဆရာတော် ဘဒ္ဒန္တဣန္ဒကနှင့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အမေရိကန်နိုင်ငံ နယူးယောက်မြို့ လောကချမ်းသာမြန်မာကျောင်းဆရာတော် နှစ်ပါးတို့အား
ညောင်နှစ်ပင်သီးနှံစိုက်ပျိုးရေးအထူးဇုံ(၂)အကွက်အမှတ် ၁၇၀/၁၇၁ (အေ)/၁၇၀(ဘီ)(၁၅)ဧက ကိုနိုင်ငံတော်အစိုးရ
က ၂၀၀၁- ခုနှစ်တွင် လှူဒါန်းခဲ့ပါသည်။ ပရဟိတကျောင်း ထောက်ပံ့ရေးစိုက်ခင်း လယ်မြေ အပါအ၀င်(၃၇.၀၃)
ဧကရှိပါသည်။
ညောင်ကန်အေးလောကချမ်းသာပရဟိတကျောင်း၏ တာဝန်ယူလုပ်ဆောင်ချက်
၁။ ကျောင်းနေအရွယ်ဖြစ်ပါလျှက် ကျောင်းထားပေးမည့် မိဘမရှိသော ခိုကိုးရာမဲ့ အုပ်ထိန်းသူမဲ့ ကလေးများ၊၂။ မိဘနှစ်ပါးရှိသော်လည်း ဆင်းရဲနွမ်းပါး၍ ကျောင်းမနေနိုင်သော ကလေးများကို ကျောင်းအိပ်ကျောင်းစား အဖြစ်
လက်ခံ၍ ပြုစုစောင့်ရှောက်ပေးရန် ရည်ရွယ်ပါသည်။
ညောင်ကန်အေးပရဟိတကျောင်း၏ ပညာရေးရည်မှန်းချက်
(က) အခြေခံမူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်အထိ သင်ကြားပေးရန်၊(ခ) ၄င်းတို့ဝါသနာအလျောက် အသက်မွေးဝမ်းကျောင်း လက်မှုသိပ္ပံပညာရပ်များသင်ကြားပေးရန်၊
(ဂ) ဘာသာရေးတွင် ၀ါသနာထုံသော ကလေးများအတွက် သာမဏေပြုစေပြီး ဗုဒ္ဓဘာသာအခြေခံမှစ၍ ပထမငယ်၊
ပထမလတ်၊ ပထမကြီး၊ ဓမ္မာစရိယ ပရိယတ္တိပါဠိပထမပြန်စာပေများ သင်ကြားပို့ချပေးရန်၊
(ဃ) အကျင့်စာရိတ္တကောင်းမွန်၍ လူကောင်း လူတော် လူရည်မွန် လူ့ယဉ်ကျေးများဖြစ်စေရန် ၀ိပဿနာ ကျင့်စဉ်များ
ကိုလည်း အခါအားလျော်စွာ လေ့ကျင့်သင်ကြား အားထုတ်စေရန်၊
ညောင်ကန်အေးလောကချမ်းသာပရဟိတကျောင်းကို (၄-၆-၀၂) ရက်နေ့တွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့ရာ
ရှင်သာမဏေ(၅)ပါးနှင့် ပရဟိတကျောင်းသား (၄၂)ဦးတို့ မူလတန်း၊ အလယ်တန်းပညာရပ်များနှင့် အခြေခံ ပရိ
ယတ္တိစာပေများ လေ့လာဆည်းပူးသင်ယူလျက်ရှိပါသည်။ အခြေအနေပေးလာပါက နယ်စပ်တောင်တန်း ဒေသမှ
တိုင်းရင်းသားကလေးငယ်များ ပညာလေ့လာဆည်းပူးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှိ
ပါသည်။ (ဓာတ်ပုံ ပူးတွဲ)
ညောင်ကန်အေးဆရာတော် တည်ထောင်ခဲ့သော ပြည်တွင်း
ညောင်ကန်အေးသာသနာ့ရိပ်သာခွဲများ
(၁) မဟာစည်သြ၀ါဒခံ ညောင်ကန်အေးကွင်းကျောင်းသာသနာ့ရိပ်သာကြီးပွားရေးရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်။(၂) မဟာစည်သြ၀ါဒခံ ညောင်ကန်အေးရွှေပြည်သာ သာသနာ့ရိပ်သာ
(၃) မဟာစည်သြ၀ါဒခံ ညောင်ကန်အေးကန်လည်သာသနာ့ရိပ်သာ၊ သဲကုန်းမြို့။
(၄) ကုန်းတလပေါင် ညောင်ကန်အေး၊ ပုလဲမြို့သစ်၊ ရန်ကုန်။
ညောင်ကန်အေးပြည်ပသာသနာပြုဌာနခွဲများ
1. WASHINGTON STATE MAHASI BRANCH
(Washington State Buddhist Association) 3510.122St PL S.W Lynnwood. WA98087 (U.S.A)1. MAHASI BRANCH
NYAUNG KAN AYE MEDITATION SOCIETY MALAYSIA No-10-3-5, JALAN SRIJATI 2, TAMANSRITI,BATU 6, OFFJALAN PUCHONG 58200 KUALALUMPUR
1. AUNG MYANMAR NYAUNG KAN AYE MEDITATION CENTRE
Jorho Township, Malaysia1. NYAUNG KAN AYE PEACE MEDITATION CENTRE
Balatcoung, Kualalumpur, Malaysiaသာသနာပြုနယ်လှည့်ဓမ္မကထိကများ ပြုစုပျိုးထောင်ပေးခြင်း
ညောင်ကန်အေးဆရာတော်မှ ဓမ္မကထိကဆရာတော်များကို ပြုစုပျိုးထောင်ပေးးလျက်ရှိရာ မဟာစည် နယ်လှည့်ဓမ္မကထိက(၄)ပါး အပါအ၀င် ဓမ္မကထိက ကမ္မဋ္ဌာနာစရိယပေါင်း အပါး (၃၀)ကျော် ရှိပါသည်။
(ဂ) ခေါင်းပါးသည့်နယ်စပ်ဒေသများသို့သွားရောက်၍ သာသနာပြုခဲ့သည့်သက်တမ်း
(မည်သည့်ခုနှစ်မှ မည်သည့်ခုနှစ်အထိ) ကာလအပိုင်းအခြားပြည်နယ် ပြည်မအနယ်နယ် အရပ်ရပ်သို့ ကြွရောက်
သီတင်းသုံးသာသနာပြုတော်မူခြင်း
မဟာစည်ဆရာတော်ဘုရားကြီး၏ တာဝန်ပေးအပ်ချက်အရ-
မန္တလေးမြို့ ရတနာပုံမဟာစည်သာသနာ့ရိပ်သာ၊ ပုသိမ်မြို့ ဘုံကျော်မဟာစည်သာသနာ့ရိပ်သာ၊ မဲဇလီကုန်းမြို့
မဟာစည်သာသနာ့ရိပ်သာ၊ ဟင်္သာတမြို့မဟာစည်သာသနာ့ရိပ်သာ၊ ရှမ်းပြည်အင်းလေးဒေသများတွင် (၁၃၂၇)
ခုနှစ်မှ (၁၃၃၇) ခုနှစ်အထိ (၉)နှစ်တာမျှ၊ နာယက၊ ဓမ္မကထိက၊ ကမ္မဋ္ဌာနာစရိယတာဝန်များ ကြွရောက်ထမ်း
ဆောင်ခဲ့ပါသည်။
ပြည်ပသာသနာပြုဌာနများသို့ ကြွရောက်သီတင်းသုံးခြင်း
(၁) ပြည်တွင်းပြည်ပမဟာစည်ရိပ်သာများနာယကအဖွဲ့ကြီးနှင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်တို့၏ အစီအစဉ်ဖြင့်လန်ဒန်ဗုဒ္ဓဘာသာမြန်မာကျောင်းဂေါပကအဖွဲ့၏ ပင့်လျှောက်ချက်အရ ညောင်ကန်အေးဆရာတော်သည် ဗြိတိန်
မြန်မာဗုဒ္ဓဘာသာဝိဟာရတွင် ၁၉၉၁- ခုနှစ်၊ ဇူလိုင်လမှစ၍ ၁၉၉၂ ခုနှစ် ဇူလိုင်လအထိ တစ်နှစ်တာမျှ သီတင်းသုံး
တော်မူပြီး သာသနာရေးကိစ္စများကို ဆောင်ရွက်တော်မူခဲ့ပါသည်။
(၂) အခါအားလျော်စွာ ညောင်ကန်အေးပြည်ပသာသနာပြုဌာနခွဲများသို့ ကြွရောက်၍ ၀ိပဿနာတရားစခန်း ပွဲများနှင့်
အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုများကို ဟောပြောပြသသင်ကြားပို့ချ ပေးတော်မူပါသည်။
ညောင်ကန်အေးဆရာတော်၏ ပြည်ပဓမ္မဒူတခရီးစဉ်များ
၁၉၉၈ ခုနှစ် – သီရိလင်္ကာ၊ အိန္ဒိယ၊ နီပေါ၊ ထိုင်း ၁၉၉၁ ခုနှစ် – အင်္ဂလန်၊ ဆွဇ်ဇာလန်၊ ပြင်သစ် ၁၉၉၄ ခုနှစ် – ထိုင်း၊ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား ၁၉၉၅ ခုနှစ် – ထိုင်း၊ နီပေါ၊ အိန္ဒိယ ၁၉၉၆ ခုနှစ် – ထိုင်း၊
အိန္ဒိယ၊ အင်္ဂလန်၊ စင်ကာပူ ၁၉၉၇ ခုနှစ် – အမေရိကန်၊ ကနေဒါ ၁၉၉၈ ခုနှစ် – ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ အင်္ဂလန်၊
ဂျာမဏီ၊ ဆွဇ်ဇာလန် ၁၉၉၉ ခုနှစ် – ထိုင်း၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ ဂျပန်၊ ဟောင်ကောင်၊ မကာအို၊ တရုတ်၊
အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ၂၀၀၀ ခုနှစ် – ထိုင်း၊ သီရိလင်္ကာ၊ ဂျပန် ၂၀၀၁ ခုနှစ် – နယူးဇီလန်၊ အမေရိကန်၊ ကနေဒါ
၂၀၀၃ ခုနှစ် – အိန္ဒိယ၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား ၂၀၀၇ ခုနှစ် – အမေရိကန် သီရိလင်္ကာနိုင်ငံ(၃)ကြိမ်၊ အိန္ဒိယ
(၅)ကြိမ်၊ နီပေါ(၂)ကြိမ်၊ ထိုင်း(၇)ကြိမ်၊ စင်္ကာပူ(၇)ကြိမ်၊ အင်ဒိုနီးရှား(၂)ကြိမ်၊ ဂျပန်(၇)ကြိမ်၊ တောင်ကိုရီးယား(၁)
ကြိမ်၊ ကမ္ဘောဒီးယား(၁)ကြိမ်၊ မကာအို(၁)ကြိမ်၊ တရုတ်(၁)ကြိမ်၊ ဘင်္ဂလားဒေ့ရှ်(၁)ကြိမ်၊ ဟောင်ကောင်(၁)ကြိမ်၊
အမေရိကန်(၄)ကြိမ်၊ ကနေဒါ(၂)ကြိမ်၊ အင်္ဂလန်(၃)ကြိမ်၊ ဆွဇ်ဇာလန်(၂)ကြိမ်၊ ပြင်သစ်(၁)ကြိမ်၊ နယူးဇီလန်(၁)ကြိမ်၊
ဂျာမဏီ(၁)ကြိမ်။
ညောင်ကန်အေးဆရာတော်အား သီရိလင်္ကာဝန်ကြီးချုပ် ဖူးမြော်ခြင်း
၁၉၈၈ ခုနှစ် ညောင်ကန်အေးဆရာတော် သီရိလင်္ကာနိုင်ငံသို့ ဓမ္မဒူတကြွရောက်တော်မူစဉ် သီရိလကာင်္ ၀န်ကြီးချုပ်ပရိမာဒါဆာက ညောင်ကန်အေးဆရာတော်အား ဖူးမြော်ပြီး အချိန်ရသမျှ တရားနာယူလိုပါကြောင်း သီရိလင်္ကာရဟန်း
တော် အရှင်ကဿပမှတဆင့် လျှောက်ထားပင့်ဖိတ်ချက်ကို ညောင်ကန်အေးဆရာတော်က လက်ခံတော်မူပြီး
(၂၅-၃-၈၈) နေ့၊ ည(၉)နာရီအချိန်တွင် ကိုလံဘိုမြို့ ၀န်ကြီးချုပ်ရုံးခန်းရှိရာသို့ အရှင်ကဿပ နှင့်အတူကြွရောက်
တော်မူကြသည်။ ၀န်ကြီးချုပ်က ရုံးအဆောက်အအုံဂိတ်ပေါက်ဝတွင် နိုင်ငံတော်အလံနှင့်သာသနာ့အလံများကို စိုက်
ထူလွှင့် တင်ကာကိုယ်ရံတော်တပ်ဖွဲ့များ၊ သတင်းထောက်များနှင့်အတူအသင့်စောင့်ကြိုခဲ့သည်။ ၀န်ကြီးချုပ်နှင့်တကွ
သူ၏အတွင်းဝန်စသူတို့သည် အဖြူရောင်ဘာသာရေးဝတ်စုံများကို ၀တ်ဆင်လျက် ရိုသေလေးမြတ်စွာ လက်အုပ်ချီ
ကြိုဆို၍ ရုံးခန်းတွင်းသို့ ပင့်ဆောင်ခဲ့သည်။ ညောင်ကန်အေးဆရာတော်နှင့် အရှင်ကဿပအား ၀န်ကြီးချုပ်က ရိုသေ
စွာရှိခိုးပြီးနောက် ၀န်ကြီးချုပ်နှင့် ညောင်ကန်အေးဆရာတော်တို့ သာသနာရေးရာများ အပြန်အလှန်ဆွေးနွေး ပြောဆို
ကြသည်။ထို့နောက် ၀န်ကြီးချုပ်က “တပည့်တော်မှာ တိုင်းပြည်ဝတ္တရားများကို ဆောင်ရွက်နေရသဖြင့် အလွန်အလုပ်
များတဲ့အတွက် အချိန်များများမရသော်လည်း တစ်သက်လုံးသုံးရမည့် အတိုဆုံးတရားတစ်ပုဒ်လောက်ကို ဟောကြား
ချီးမြှင့်ပေးပါရန်’’ လျှောက်ထားပါသည်။ထို့နောက် ညောင်ကန်အေးဆရာတော်က သတိပဋ္ဌာန်ရှုမှတ်ခြင်းကြောင့်
ရရှိနိုင်သည့် ပစ္စုပ္ပန်တမလွန် အကျိုးကျေးဇူးများနှင့် တာဝန်များသူဝန်ကြီးချုပ်နှင့် ကိုက်ညီမည့် ၀ိပဿနာရှုမှတ်နည်း
အကျဉ်းချုပ်ကို မကျဉ်းမကျယ် ဟောကြားချီးမြှင့်ပေးပါသည်။
(ဃ) ဘာသာခြားများကို ဗုဒ္ဓဘာသာဖြစ်အောင် စည်းရုံးခဲ့သည့်အရေအတွက်ကျေးရွာမြို့နယ်အမည်များ
ဝိပဿနာတရားများဟောပြောပြသခြင်း
၁၃၄၂ ခုနှစ်တွင် မဟာစည်သြ၀ါဒခံ ညောင်ကန်အေးသာသနာ့ရိပ်သာကို တည်ထောင်ဖွင့်လှစ်၍- ပြည်တွင်းပြည်ပယောဂီများအား ၀ိပဿနာတရားတော်များဟောကြားပြသပေးခဲ့ရာ ညောင်ကန်အေးသာသနာ့ ရိပ်သာတွင်
သတိပဋ္ဌာန်တရားအားထုတ်ပြီး ပြည်တွင်းပြည်ပ တပည့်ယောဂီများ စုစုပေါင်း(၂၄၀၀၀) ကျော်တို့ ရှိခဲ့ပြီးဖြစ်သည်။
ထို့အပြင် ဘာသာခြားသားများဖြစ်ကြသည့် ကနေဒါနိုင်ငံသား ဂရစ်မေလာသည် ၁၉၈၂ ခုနှစ်တွင် ညောင်ကန်
အေးသာသနာ့ရိပ်သာသို့ရောက်ရှိလာပြီး ညောင်ကန်အေးဆရာတော်၏ တရားဟောပြောပြသမှုကို နည်းခံ၍ ၀ိပ
ဿနာတရားများ ကျင့်ပွားရသဖြင့်မိမိမူလကိုးကွယ်ရင်းဖြစ်သည့် မိရိုးဖလာဘာသာအပေါ်၌ အားရကျေနပ်မှုမရှိတော့
သဖြင့် ညောင်ကန်အေးဆရာတော်ထံမှောက်၌ သရဏဂုံခံယူ၍ ဗုဒ္ဓဘာသာအဖြစ်သို့ ကူးပြောင်းခဲ့သည်။ ဂရစ်မေလာ
သည် ဗြိတိသျှကိုလံဘီယာတက္ကသိုလ်မှ စက်မှုရူပဗေဒဘွဲ့ရရှိသူတစ်ဦး ဖြစ်ပါတယ်။ညောင်ကန်အေးဆရာတော်၏
ဗုဒ္ဓဓမ္မများကို နာကြားကျင့်ပွားခွင့်ရရှိခဲ့သဖြင့် ဗုဒ္ဓ၏တရားတော်မြတ်ကို ယုံကြည်သက်ဝင်ကိုးစားသဖြင့် ၁၃၄၈ခု၊
ကဆုန်လဆန်း(၁)ရက်၊ (၉-၅-၈၆) နေ့တွင် ပြင်ဦးလွင်မြို့ ပြည်သူ့ရဲတပ်ဖွဲ့ ဒုလုံခြုံရေးမှူး ဦးမျိုးဟိန်း တပ်ဖွဲ့ဝင်
အမှတ်- လ/၁၁၂၈၃၆ သည် ပြင်ဦးလွင်မြို့ ရွှေစေတီ သာသနာ့ရိပ်သာတွင် ညောင်ကန်အေးဆရာတော်ထံမှောက်
တွင် သရဏဂုံသုံးပါးကို ဆောက်တည်၍ ဗုဒ္ဓ ဘာသာဝင်အဖြစ် ခံယူခဲ့ပါသည်။ (ပူးတွဲမိတ္တူ) ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့
သား ဟွန်ပတွန်ဂန်ဂျီ (Honpa Hongan Jisect) ခေါ် ဘာသာရေးဂိုဏ်းခေါင်းဆောင် တစ်ဦးဖြစ်သည့် ဟီရှိဒ သည်
ညောင်ကန်အေးသာသနာ့ရိပ်သာတွင် ၀ိပဿနာတရားတော်များအားထုတ်ပြီး (၇)ရက်ကြာ (၂၄-၂-၉၆)နေ့တွင်
ညောင်ကန်အေးဆရာတော်ဘဒ္ဒန္တဣန္ဒက အား ဥပဇ္ဈာယ်ပြု၍ ထေရ၀ါဒ ရဟန်းအဖြစ်သို့ခံယူခဲ့သည်။ ရဟန်းဘွဲ့တော်
မှာ ဦးအမတနန္ဒ ဖြစ်သည်။
အခြားသာသနာ့တာဝန်များထမ်းဆောင်ခြင်း
ညောင်ကန်အေးဆရာတော်သည်1. ပခုက္ကူမြို့ ကိန္နရာတောင် ဓမ္မကထိကအဖွဲ့၏ အကျိုးတော်ဆောင်၊ ဥက္ကဋ္ဌ၊
2. မဟာစည်နယ်လှည့်ဓမ္မကထိကအဖွဲ့၏ အကျိုးတော်ဆောင်၊ ဒုဥက္ကဋ္ဌ၊
3. ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ သြ၀ါဒါစရိယအဖွဲ့၏ အတိုင်ပင်ခံနာယက၊
4. ဂိုဏ်းပေါင်းစုံသံဃအစည်းအဝေးကြီး၏ ဒုတိယ တတိယအကြိမ်များတွင်ရန်ကုန်တိုင်း အင်းစိန်မြို့နယ်
သံဃသမုတိရသံဃကိုယ်စားလှယ်၊
5. ညောင်ကန်အေးရိပ်သာခွဲများ၏ သြ၀ါဒါစရိယ၊
6. ညောင်ကန်အေးပြည်တွင်းပြည်ပဗုဒ္ဓသာသနာပြုသင်တန်း၏ သြ၀ါဒါစရိယ၊
7. ဂျပန်နိုင်ငံ တိုကျိုမြို့ ရှင်ဂျုကု အုကုဘိုဘူတာအနီး ထေရ၀ါဒဗုဒ္ဓဘာသာပြန့်ပွားရေးအဖွဲ့၏သြ၀ါဒ စရိယ။
8. အင်းစိန်မြို့နယ် စိန်ရတနာ နာရေးကူညီမှုအသင်း၏ နာယက၊
9. World Buddhist Sangha Council (ကမ္ဘာ့ဗုဒ္ဓဘာသာသံဃကောင်စီ၏) အဖွဲ့ဝင်၊
၁၂။ နိုင်ငံတော်မှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်ခြင်း
(က) မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော် (၁၉၉၁) ခုနှစ်၊(ခ) အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် (၂၀၀၃) ခုနှစ်၊
သီတင်းသုံးရာဌာန
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ မဟာစည်သြ၀ါဒခံ ညောင်ကန်အေးသာသနာ့ရိပ်သာကျေးဇူးတော်ရှင် ဆရာတော်ကြီးးများ၏ ထေရုပ္ပတ္တိ များကို ရှာဖွေကာတင်ပြခြင်းဖြင့်ကျေးဇူးဆပ်နိုင်ကြပါစေ….
ကုဒိုလ်ဒါနပြုနိုင်ကြပါစေ…
အောင်အောင်(မကစ) မှ ကူးယူဖော်ပြထားပါသည်။
No comments:
Post a Comment